ကရင်ပြည်နယ် ဘားအံမြို့ တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားပြုစုသော သူ့အသက်ကိုချစ်ပါလေ စာအုပ်မှ ရသတဏှာ

လွန်လေပြီးသောအခါ မြတ်စွာဘုရားအလောင်းတော်သည် ဗာရာဏသီမင်း ဖြစ်တော်မူစဉ် မင်းဥယျာဉ်၌ သဉ္ဇယ မည်သောသူကို ဥယျာဉ်မှူး ခန့်ထားလေ၏။ ထိုအခါ သမင်တစ်ကောင်သည် တောမှလာ၍ ထိုဥယျာဉ်၌ မြက်နုတို့ကိုစား၏။ ဥယျာဉ်မှူးသည် ထိုသမင်ကို မခြောက်မလှန့်မူ၍ ယဉ်ပါးအောင်ပြု၏။ ဥယျာဉ်၍ဖြစ်သော ပန်းသစ်သီးများကို မင်းကြီးအား ဆက်သရန် နန်းတော်သို့ဝင်၍ မင်းအား ထိုသမင်အကြောင်းကိုပြော၏။ သင်ရအောင် ဖမ်းယူနိုင်ပါမည်လော ဟုမေးရာ ပျားရည် လုံလောက်စွာရပါလျှင် ဖမ်းနိုင်ပါ၏။ နန်းတော်တွင်းသို့ ဝင်အောင်ပင် တတ်နိုင်ပါ၏ ဟုလျှောက်၏။ ပျားရည် လုံလောက်စွာရ၍ ဥယျာဉ်သို့ ပြန်ရောက်လေသော် ထိုသမင်စားရာဌာန၌ မြက်နုတို့ကို ပျားရည်ဆွတ်လူး၍ထား၏။ သမင်သည် ပျားရည်လူးသောမြက်ကိုစား၍ ပျားအရသာ၌ စွဲလန်းသောအခါ တောသို့မပြန်ဘဲ ဥယျာဉ်ထဲမှာသာနေ၍ တခြားမြက်ကိုမစားနိုင် ပျားရည်လူးသော မြက်ကိုသာစား၏။ ထိုအခါ နန်းတောထဲသို့သွင်းရန် မင်းကြီးအား ပြောကြား၍ … Continue reading ကရင်ပြည်နယ် ဘားအံမြို့ တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားပြုစုသော သူ့အသက်ကိုချစ်ပါလေ စာအုပ်မှ ရသတဏှာ